Cost Accounting.jpg

Cost Accounting

ထုတ်လုပ်မှု ကုန်ကျစရိတ် တွက်ချက်ခြင်း


Cost Accounting တနည်းပြောရရင် Costing တွက်တယ်ဆိုတာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ (အသေးဆုံး မုန့်တိုက်လေးကစပြီး စက်ပစ္စည်းယန္တရားတွေထုတ်လုပ်တဲ့အဆင့်ထိ) မဖြစ်မနေလုပ်ဆောင်သင့်တဲ့ စာရင်းတွက်ချက်မှုတစ်ခုဖြစ်ပါတယ်။ Cost Accounting ဆိုတာ မိမိထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းအေပါ် စိုက်ထုတ်လိုက်ရတဲ့ အရင်းကို တိတိကျကျတွက်ချက်ခြင်းပါပဲ။ ဒါကြောင့်မို့ မိမိကုန်ပစ္စည်း စျေးနှုန်းသက်မှတ်မှုမှစပြီး ရေရှည်အမြတ်ရနိုင်ချေ မရနိုင်ချေထိ Cost Accounting နဲ့တွက်ချက်ရပါတယ်။


Cost Accounting မှာဘာတွေပါလဲ

ကုန်ပစ္စည်း တစ်ခုကို ထုတ်လုပ်ရာမှာ အရင်းကို တိတိကျကျသိဖို့ဆိုရင် ကုန်ကြမ်းပစ္စည်းတွေရဲ့ တန်ဖိုးအပြင် အခြားသက်ဆိုင်တဲ့ ကုန်ကျစားရိတ်တွေကို မှန်မှန်ကန်ကန် ပေါင်းထည့်ထားဖို့လိုသလို မဆိုင်တဲ့ကုန်ကျစားရိတ်တွေ မထည့်မိဖို့လည်းလိုပါတယ်။ ထည့်သင့်တာတွေ ထည့်မပေါင်းမိရင် မိမိအရင်းကို ထိနိုင်ပြီး၊ မထည့်သင့်တာတွေပေါင်းထည့်မိတဲ့အတွက် မိမိကုန်ပစ္စည်းတန်ဖိုးဟာ ပြိုက်ဘက်တွေထက် စျေးနှုန်းပိုနေတတ်ပါတယ်။ ဥပမာ ထည့်သင့်တဲ့စားရိတ်တွေကို အခြေခံအားဖြင့်

•  တိုက်ရိုက်ကုန်ကြမ်းကုန်ကျစားရိတ် (Direct Material Cost)
•  တိုက်ရိုက်ဝန်ထမ်းကုန်ကျစားရိတ် (Direct Labor Cost)
•  တိုက်ရိုက်နဲ့မဟုတ်တဲ့အခြားကုန်ကျစရိတ်များ (Manufacturing Overhead)

ဆိုပြီး အပိုင်း သုံးပိုင်း ခွဲခြားနိုင်ပါတယ်။

(၁) တိုက်ရိုက်ကုန်ကြမ်းကုန်ကျစားရိတ်

တိုက်ရိုက်ကုန်ကြမ်းကုန်ကျစားရိတ်ဆိုတာ နောက်ဆုံး စားသုံးသူ၊ သုံးစွဲသူဆီ ရောက်မယ့် Final Product ဖြစ်လာဖို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ တန်ဖိုးအပြင် ဒီ Process ကြီး Run ဖို့ လိုအပ်တဲ့ကုန်ကျစားရိတ်တွေကိုလဲ ထည့်တွက်ရပါတယ် (ဝန်ထမ်းစားရိတ်မပါ)။ ဥပမာအားဖြင့် ဂဟေဆော်ခ၊ ဓားဖြတ်ခ၊ အရောင်တင်/ဆေးဆိုးခ စသဖြင့် ကုန်ကျစားရိတ်တွေကို ထည့်တွက်ရပါတယ်။ ဒီနေရာမှာ Direct ကုန်ပစ္စည်းကုန်ကျစရိတ်နဲ့၊ Indirect ကုန်ပစ္စည်းကုန်ကျစားရိတ်ကို သေချာခွဲသိဖို့ကလည်းအရေးကြီးပါတယ်။

(၂) တိုက်ရိုက်ဝန်ထမ်းကုန်ကျစားရိတ်

တိုက်ရိုက်ဝန်ထမ်းကုန်ကျစားရိတ်ကတော့ ရှင်းပါတယ်။ ကုန်ထုတ်လုပ်မှု့အပိုင်းမှာ လိုအပ်တဲ့ ဝန်ထမ်းစားရိတ်တွေကိုထည့်တွက်ရတာ ဖြစ်ပါတယ်။ ဥပမာ - စက်ပစ္စည်းတွေကို Operate လုပ်ရတဲ့သူ ၊ ပစ္စည်းတပ်ဆင်ထုတ်ပိုးရတဲ့သူ၊ အထည်ချုပ်စက်ရုံမှာဆို အပ်ချုပ်စက်ထိုင်တဲ့သူမျိုးတွေရဲ့ လုပ်အားခကိုခေါ်ပါတယ်။

(၃) တိုက်ရိုက်နဲ့မဟုတ်တဲ့အခြားကုန်ကျစားရိတ်များ

တိုက်ရိုက်မဟုတ်တဲ့အခြားကုန်ကျစားရိတ်များဆိုတာကတော့ ထုတ်လုပ်ရေးလုပ်ငန်းရှင်အများစုခေါင်းခဲရတဲ့အပိုင်းပါ။ အပေါ်က(၂)ခုမပါဘဲ ကုန်ထုတ်လုပ်တဲ့နေရာမှာ သွယ်ဝိုက်ကုန်ကျတဲ့စားရိတ်တွေပဲဖြစ်ပါတယ်။ ဒီကုန်ကျစားရိတ်ဟာ လုပ်ငန်းတစ်ခုနဲ့တစ်ခုနဲ့ မတူညီနိုင်တဲ့ ကုန်ကျစားရိတ်တွေပါ။ ဥပမာ ပေးရရင် ကုန်တင်ကုန်ချဝန်ထမ်းစားရိတ်တွေ၊ ဝန်ထမ်းတွေကို အကြံပေးထိန်းကွပ်တဲ့ အကြံပေးအရာရှိတွေရဲ့စားရိတ်တွေ၊က်ဆီ၊ ချောဆီ၊ ရေ စသဖြင့် နောက်ဆုံးထုတ်ကုန်မှာ အကောင်အထည်အနေနဲ့မမြင်ရတဲ့ ပစ္စည်းစားရိတ်တွေ၊ တန်ဖိုးလျော့သွားသော စက်ပစ္စည်းဖိုးတွေ၊ မြေငှားခ၊ အာမခံကြေး၊ လျှပ်စစ်မီးကြေး၊ ကုန်ကြမ်းသယ်ယူစရိတ်လိုမျိုးတွေပါ။ ဒီကုန်ကျစားရိတ်ကိုတွက်ချက်တဲ့အခါ လုပ်ငန်းရှင်အများစု မျက်စိမှောက်ပြီး ကျော်မိတတ်တဲ့ ကုန်ကျစားရိတ်တွေအများကြီးရှိတတ်ပါတယ်။ ဒါတွေကို သေသေချာချာ အပိုင်းတွေခွဲခြားပြီးလုပ်မှသာ မှန်ကန်တဲ့ အရင်းကုန်ကျစားရိတ်က ထွက်လာမှာပါ။


ဘာလို့ Costing တွက်သင့်သလဲ

Costing ဘာလို့တွက်သင့်သလဲ ဆိုတော့

•  မိမိထုတ်ကုန်ပစ္စည်းရဲ့ အရင်းကိုသိဖို့၊
•  ရောင်းစျေးကို မျှမျှတတသက်မှတ်နိုင်ဖို့၊ Profit Margin ကိုသေသေချာချာသိနိုင်ဖို့
•  ပြိုင်ဘက်တွေကို အသာရဖို့
•  ကုန်ထုတ်လုပ်ငန်းအတွင်း မလိုအပ်တဲ့ စားရိတ်စားခတွေကို လျှော့ချနိုင်ဖို့၊
•  ခေတ်ကာလအရ ပြောင်းလဲဖြစ်ပေါ်နေတဲ့ ငွေတန်ဖိုး၊ ကုန်တန်ဖိုးအတက်အကျတွေကြားမှာ အလိုက်သင့်ပြောင်းလဲနိုင်ဖို့
•  အရင်းကြေမှတ်ကို သိရှိရဖို့

စသဖြင့် လိုအပ်ချက်မျိုးစုံအတွက် Costing ကိုတွက်ချက်ကြပါတယ်။ မြန်မာပြည်က ကုန်ထုတ်လုပ်ငန်း/စက်ရုံအများစုဟာ ကုန်ချောတွေရဲ့ အရင်းကိုတွက်တဲ့အခါမှာ ပေါင်းမထည့်မိတဲ့ဟာတွေရှိသလို၊ အပေါ်မှာ ရှင်းပြခဲ့တဲ့အတိုင်း Category အမျိုးအစား သုံးခု မခွဲတာတွေလည်းရှိနေပါတယ်။ ကုန်ကျစားရိတ်တွေကို Category ခွဲတာဟာအရေးမကြီးသလိုထင်ရပေမဲ့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ Direct တွေ၊ Indirect တွေ၊ ကုန်ကြမ်းစားရိတ်တွေ၊ ဝန်ထမ်းစားရိတ်တွေ ရှင်းရှင်းလင်းလင်း သိရမှသာ မိမိလုပ်ငန်းဟာ ဘယ်နေရာတွေမှာ ကုန်ကျစားရိတ်တွေပိုနေတယ်၊ ဘယ်အပိုင်းမှာ လျှော့ချလို့ရတယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။


ဘယ်သူတွေ Costing တွက်သင့်သလဲ

ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ (သို့မဟုတ်) အခုမှထုတ်လုပ်ရေးလုပ်ငန်းစမယ့် လုပ်ငန်းရှင်တိုင်း အနည်းဆုံး တစ်ကြိမ်တော့ ကျွမ်းကျင်စာရင်းပညာရှင်များနှင့်တိုင်ပင်ပြီး Costing တွက်ချက်ထားသင့်ပါတယ်။


Costing တွက်ဖို့ ဘာလို့ Balance ကိုခိုင်းမလဲ

ကျွန်တော်တို့ Balance Accounting မှစာရင်းကိုင်ပညာရှင်များဟာ Costing နဲ့ ပါတ်သက်ပြီး ရိုးရာစက်မှုလက်မှုလုပ်ငန်းတွေရော၊ မိရိုးဖလာကုန်ထုတ်လုပ်ငန်းတွေရော၊ ခေတ်မီစက်ကြီးများနှင့်ထုတ်လုပ်သော ကုန်ထုတ်လုပ်ငန်းများအထိပါအတွေ့အကြုံရှိသူများဖြစ်ပါတယ်။ တွက်ချက်ပေးရာမှာလည်း တစ်ပွဲတိုးပုံစံ တွက်ချက်ပေးခြင်းမျိုးမဟုတ်ပဲ၊ ကုန်စျေးနှုန်းအပြောင်းအလဲ၊ ငွေတန်ဖိုးစျေးအပြောင်းအလဲတွေ၊ ကုန်ကြမ်းပစ္စည်း အပြောင်းအလဲတွေ၊ လုပ်ခလစာအပြောင်းအလဲ၊ ထုတ်လုပ်မှုဖြစ်စဥ်တဲ့ထည့်သွင်းလိုက်ရတဲ့ ကုန်ကြမ်းအချိုးအစားပါဝင်မှုအပြောင်းအလဲတွေ ပေါ်မှာမူတည်ပြီး အလိုက်သင့် ပြောင်းလဲလို့ရနိုင်အောင်တွက်ချက်ပေးတာမျိူးဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ မိမိကုန်ပစ္စည်း အရင်းစျေးနှုန်းအပြောင်းအလဲကို အချိန်နဲ့တပြေးညီသိရှိနိုင်မှာဖြစ်ပါတယ်။

လူကြီးမင်း အနေဖြင့် ကုန်ထုတ်စားရိတ် တွက်ချက်မှုများနှင့် ပတ်သက်ပြီး အကြံဉာဏ်ရယူလိုတယ်ဆိုပါက Balance Professional Services မှ ကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ရန် ယခုပဲ ဖုန်းနံပါတ် 09-966-118-536 သို့ဆက်သွယ်၍ ရက်ချိန်းရယူလိုက်ပါ။
အခြားဝန်ဆောင်မှုများ

"အောင်မြင်မှုများကို အတူတူပျိုးထောင်ကြပါစို့"

- Balance Professional Services