Auditing.jpg

Auditing Solutions

စာရင်းစစ်ခြင်း


Auditing ခေါ် စာရင်းစစ်ခြင်းဆိုတာ အလွယ်ပြောရရင် မိမိလုပ်ငန်းရဲ့ စာရင်းအဝင်အထွက်တွေ မှန်မမှန်စစ်တာပါပဲ။ ဒီလိုစာရင်းစစ်တယ်ဆိုတာ စာရင်းစနစ်ကျနသော လုပ်ငန်းများတွင်သာမက စာရင်းစနစ် သေချာတကျမရှိသော လုပ်ငန်းများအတွက်ပါ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုပါ။ မိမိလုပ်ငန်းမှာ အကျိုးအမြတ် တကယ်ရ မရ၊ ဆုံးရှုံးနေမှုများ ရှိ မရှိ၊ စာရင်းခေါင်းစဥ်လွဲမှားခြင်းများ၊ လစ်ဟာမှုများ၊ ငွေအလွဲသုံးစားမှုများ၊ ငွေယိုပေါက်များ ရှိမရှိ စတာတွေကို စာရင်းစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။


စာရင်းစစ်တယ် ဆိုတာဘာတွေစစ်တာလဲ

စာရင်းစစ်ဆေးခြင်းဆိုသည်မှာ ဌာနအတွင်း ဝန်ထမ်း၊ စာရင်း၊ ငွေရေးကြေးရေး ၊ ပစ္စည်းများ စသည်တို့နှင့် စပ်လျဉ်း၍ အထောက်အထားများကို စာရင်းစစ်များက သက်ဆိုင်ရာ ပြဌာန်းထားသည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ ညွှန်ကြားချက်များနှင့် အညီ စစ်ဆေးရာတွင် တွေ့ရှိရသည့် ချို့ယွင်းချက်၊ ကွဲလွဲချက်များ၊ ရငွေလျော့နည်းမှု၊ အသုံးစရိတ်များ ပိုမိုထုတ်ယူမှုတို့အား သက်ဆိုင်ရာလုပ်ငန်းတာဝန်ရှိသူထံ အကြံပြုချက်များနှင့်အတူ တရားဝင်တင်ပြ အစီရင်ခံခြင်းတို့ ဖြစ်ပါတယ်။ ဘာတွေစစ်သလဲဆိုရင် လုပ်ငန်းတစ်ခုရဲ့ စာရင်းများ မှန်ကန်စွာ ရေးသွင်းထားခြင်းရှိမရှိ၊ ငွေထုတ်ယူမှုများ/ငွေတောင်းခံလွှာများမှာ တာဝန်ရှိသူမှ လက်မှတ်ထိုးခွင့်ပြုထားခြင်း ရှိ မရှိ၊ ကုန်ပစ္စည်း အဝင်အထွက်များ မှန် မမှန်၊ ငွေအဝင်များ အသုံးစရိတ်များ တိကျသေချာစွာ စာရင်းသွင်းထားခြင်း ရှိမရှိ၊ ကုန်အကြွေးရရန်ရှိများ မှန်ကန်မှု ရှိမရှိ၊ ကုန်အကြွေး ပေးစရာများ မှန်ကန်မှု ရှိမရှိ ခြင်းများကိုစစ်ခြင်းဖြစ်သည်။ စာရင်းစစ်ရာမှာ စာရင်းကိုင်တစ်ယောက်၏ လုပ်ဆောင်ချက်များကို စစ်ဆေးခြင်းအပြင် လုပ်ငန်းလည်ပတ်မှုအတိုင်း စာရင်းဇယား ဖွဲ့စည်းပုံများကိုပါ စစ်ဆေးပေးခြင်းဖြစ်ပါသည်။


ဘာလို့စာရင်းစစ်သင့်သလဲ

စာရင်းစစ်လိုက်တဲ့အတွက်

  • မိမိသိလိုသည့် ဘဏ္ဍာရေးအချက်အလက်များကို သိသွားရခြင်း၊
  • မိမိလှည့်မကြည့်နိုင်သည့် စာရင်းဇယားများကို စာရင်းစစ်မှ မိမိကိုယ်စား စစ်ပေးခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊
  • စာရင်းစစ်မှ အသေးစိတ်များကို စစ်ဆေးပေးသည့် အတွက် လုပ်ငန်းမှာ အပိုအလိုဖြစ်နေမှုများကို သိလာရခြင်း၊
  • မိမိလုပ်ငန်းအတွင်း မသမာမှုများရှိပါက တွေ့ရှိဖော်ထုတ်နိုင်၍ အချိန်မှီ ကာကွယ်တားဆီးနိုင်ခြင်း၊
  • လုပ်ငန်း၏ ကုန်ပစ္စည်းများကို အဝင်အထွက် မှန် မမှန် စစ်ပေးနိုင် သောကြောင့် ကုန်ပစ္စည်း အလေအလွင့်ဖြစ်မှုများကို လျှော့ချ ကာကွယ်ပေးနိုင်ခြင်း၊
  • လုပ်ငန်းအတွက် ရစရာရှိသော ကုန်ပစ္စည်းဖိုးများ၊ ငွေပေးထားမှုများကို စာရင်းစစ်ခြင်းဖြင့် အချိန်မှီ တောင်းခံမှုပြုခြင်းအတွက် လုပ်ငန်းလည်ပတ်မှုကို မြန်ဆန်အောင် ပြုလုပ်ပေးနိုင်ခြင်း၊
  • လုပ်ငန်းမှ ပေးစရာရှိသော ကုန်ပစ္စည်းဖိုးပေးငွေများ အခြားပေးငွေများကို စာရင်းစစ်ခြင်းဖြင့် အချိန်မှီ ပေးချေနိုင်သည့်အတွက် လုပ်ငန်းအတွက် မိတ်မပျက်နိုင်ခြင်း၊
  • လုပ်ငန်းကို စာရင်းစစ်ဝင်ပေးခြင်းဖြင့် လူကြီးမင်းတို့၏ ဝန်ထမ်းများမှာ လုပ်ငန်းကို ဂရုတစိုက် လုပ်ကိုင်လာတတ်ခြင်း
  • မသမာမှုများ ပပျောက်လျော့နည်းသွားခြင်း
  • စာရင်းများ လုပ်ငန်းလည်ပတ်မှုများ ကောင်းမွန်သေသပ်လာခြင်း တို့ကြောင့်
    စာရင်းစစ်တာကို ပုံမှန်ဆောင်ရွက်သင့်ပါတယ်။


    ဘယ်သူတွေ စာရင်းစစ်ဖို့လိုသလဲ?

    အများပိုင် လုပ်ငန်းများ၊ ကုမ္ပဏီများ၊ အစုစပ်ရှယ်ယာဖြင့်လုပ်ကိုင်ကြသော အဖွဲ့အစည်းများ၊ ရုံးချုပ်နှင့် ရုံးခွဲတစ်မြို့စီခွဲထားရတဲ့ လုပ်ငန်းတွေအတွက် ပုံမှန်စာရင်းစစ်ရန် လိုအပ်သလို တစ်ဦးတည်းပိုင် လုပ်ငန်းများအတွက်လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မိမိလုပ်ငန်းစာရင်းများကို စာရင်းကိုင်ထံလုံးဝဥဿုံ အပ်နှံထားရသူများအနေဖြင့် အချိန်လွန်မှ မှားယွင်းမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရန် ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်စာရင်းစစ်တာမျိုးတွေလုပ်သင့်ပါတယ်။ စာရင်းဇယားနည်းတဲ့ လုပ်ငန်းရှင်များအနေနဲ့တော့ ကိုယ်တိုင်ကိုယ်ကြလုပ်နိုင်ပါတယ်။


    ဘာလို့ Balance ကိုစာရင်းစစ် ခိုင်းသင့်သလဲ?

    Balance မှစာရင်းစစ်များသည် ဆယ်စုနှစ်ကျော်ကြာ စာရင်းစစ်အတွေ့အကြုံရှိသူများဖြစ်ပြီး
  • စာရင်းရေးပညာ နှင့် စာရင်းကိုင်ပညာရပ်များကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်တတ်မြောက်ထားခြင်း
  • စာရင်းစစ်ခြင်း၏ သဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း
  • ကုမ္ပဏီအက်ဥပဒေပါ ပြဌာန်းချက်များကို နှံ့နှံ့စပ်စပ် သိရှိထား၍ ဥပဒေရေးရာ ဗဟုသုတများကိုလည်း နားလည်ထားခြင်း
  • မိစစ်ဆေးမည့် စီးပွားရေးလုပ်ငန်း၏ လုပ်ထုံးလုပ်နည်းအသေးစိတ်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိခြင်း
  • အလိုရှိသည့် သတင်းအချက်အလက်များကို ခိုင်ခိုင်မာမာရရှိအောင် ပါးပါးနပ်နပ်ဆောင်ရွက်နိုင်ခြင်း၊ ပညာသားပါသောမေးခွန်းများမေးတတ်ခြင်း
  • ရိုးသား၍ မိမိအနေဖြင့် မမှန်ကန်နိုင်ဟု ယုံကြည်ထားသည့်ကိစ္စကို ရဲရဲဝင့်ဝင့်ထောက်ပြနိုင်ခြင်း
  • မိမိတာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် အခြားသူများ၏ သြဇာလွှမ်းမိုးမှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ဖြစ်စေ မခံရအောင် ဆောင်ရွက်နိုင်ခြင်း
    စသည့်အရည်အချင်းများနှင့်ပြည့်စုံကြသည့်အပြင်

    Audit Report/ Findings/ စာရင်းစစ်ရာမှ တွေ့ရှိချက်များ၊ အကြံပြုချက်များ တင်ပြရာတွင် မြန်မာနိုင်ငံစာရင်းကိုင် စံနှုန်းများနှင့်အညီတင်ပြပေးပါသည်။

    လူကြီးမင်း အနေဖြင့် လုပ်ငန်းစာရင်းစစ်ခြင်းနဲ့ပတ်သက်ပြီး အကြံဉာဏ်ရယူလိုတယ်ဆိုပါက Balance Professional Services မှ ကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ရန် ယခုပဲ ဖုန်းနံပါတ် 09-966-118-536 သို့ဆက်သွယ်၍ ရက်ချိန်းရယူလိုက်ပါ။
    အခြားဝန်ဆောင်မှုများ

"အောင်မြင်မှုများကို အတူတူပျိုးထောင်ကြပါစို့"

- Balance Professional Services