What successful people say about business practice?

လက်တွေ့စီးပွားရေးအလေ့အကျင့်ကောင်းများ

What successful people says.jpg

စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်ချောမွေ့အောင် လည်ပတ်ရတာဟာ ထင်သလောက်မလွယ်ကူပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ လုပ်ငန်းအပေါ်အခြေခံပြီး တိကျကောင်းမွန်တဲ့ အလေ့အကျင့်များကို အမြဲတမ်း ကျင့်သုံးသွားမယ်ဆိုရင်တော့ လုပ်ငန်းအတွက် ပိုအဆင်ပြေစေနိုင်ပါတယ်ဗျာ။

အောက်မှာတော့ အောင်မြင်နေတဲ့လုပ်ငန်းရှင်ကြီးတွေ လိုက်နာကျင့်သုံးနေတဲ့ လက်တွေ့စီးပွားရေး အလေ့အကျင့်တွေကို ဖော်ပြထားပါတယ်။

(၁) လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း ထားရှိပါ

ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တွေ (ဘာပြီးရင် ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာဘာလုပ်ရမယ်၊ ဘာကိုဘယ်လိုလုပ်ရမယ်၊ ဘယ်သူကလုပ်ရမယ်၊ ဘယ်သူက စစ်ဆေးရမယ်ဆိုတာတွေ) ကို လုပ်ငန်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေအားလုံး နားလည်ဖို့ အလွန်အရေးကြီးပါတယ်။ အဲ့လိုသိထားမှ လုပ်ငန်းရဲ့စွမ်းဆောင်ရည် တိုးတက်လာနိုင်ပြီး၊ ဝန်ထမ်းတွေ ဇဝေဇဝါဖြစ်တာ၊ အလုပ်မပြီးတာတွေ၊ လွဲချော်တာတွေ လျော့ကျသွားမှာပါ။
ဥပမာ။ ။ဝန်ထမ်းတွေကို သူ့ရဲ့တာဝန်အလိုက် ရာထူးအလိုက် လုပ်ရမဲ့လုပ်ငန်းတွေ ယူရမယ့် အလုပ်တာဝန်၊ လက်အောက်ငယ်သား တာဝန် တွေကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပေးထားရပါမယ်။

(၂) ခိုင်မာသော အခြေခံအုတ်မြစ်ကိုဖန်တီးပါ

ဘယ်လောက်ကြီးတဲ့တိုက်တွေ၊ အိမ်တွေဘဲဖြစ်ဖြစ် အခြေခံအုတ်မြစ်က အရေးကြီးပါတယ်၊ အခြေခံအုတ်မြစ်က ကြံ့ခိုင်မှအပေါ်ကိုထပ်တက်လို့ ရနိုင်မှာပါ။ တိုးတက်အောင်မြင်တဲ့လုပ်ငန်းကြီးတစ်ခုဖြစ်ဖို့အတွက်ကို အစကောင်းမှအနှောင်းသေချာဆိုတဲ့ စကားအတိုင်းလုပ်ငန်းစတင်ကတည်းက အခြေခံအုတ်မြစ်ကောင်းကောင်းနဲ့ စတင်ရပါမယ်။
အခြေခံအုတ်မြစ်မှာ အရေးကြီးဆုံးက ကိုယ့်လုပ်ငန်းအတွက် အမာခံ Team (ဝန်ထမ်းအဖွဲ့) ဖြစ်ပါတယ်။ အဲဒီဝန်ထမ်းတွေကလည်း ကိုယ်နဲ့အတူလုပ်ငန်းအပေါ်ကိုချစ်တဲ့၊ ကြိုးစားချင်တဲ့စိတ်ရှိတဲ့သူတွေ ဖြစ်ရပါမယ်။ လုပ်ငန်းတစ်ခုစစချင်းမှာ ဝန်ထမ်းခန့်တာကို သေချာအလေးပေးပြီး စီစစ်ခန့်အပ်ပါ။ စဝင်ဝင်ချင်းဝန်ထမ်းတွေဆိုတာ လုပ်ငန်းလေးလည်လည်ပတ်ပတ်အောင် ကိုယ်နဲ့အတူတူ ရုန်းကြရမယ့်သူတွေဖြစ်လို့ အရွေးမမှားဖို့အရေးကြီးပါတယ်။
ဥပမာ။ ။ကိုယ်က ခရီးသွားလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်မယ်ဆိုရင် အဲ့ဘက်မှာအတွေ့အကြုံလည်းရှိ ဝါသနာလည်းပါ ဒီအလုပ်ကိုလည်းချစ်မြတ်နိုးတဲ့ ဝန်ထမ်းတွေရဖို့က အရေးကြီးပါတယ်။ ဒါမှလုပ်ငန်းတိုးတက်ကြီးပွားပြီး အောင်အောင်မြင်မြင်လည်ပတ်နိုင်မှာပါ။

(၃) အရာရာ ပွင့်လင်းမြင်သာမှုရှိပါစေ

လုပ်ငန်းအတွင်း သတင်းအချက်အလက်များကို တတ်နိုင်သမျှ ပွင့်လင်း၊ မြင်သာမှု ရှိအောင်ထားပေးနိုင်ရပါမယ်။ အထူးသဖြင့် လုပ်ငန်းကြီးတွေမှာဆိုရင် ပိုပြီးသိသာပါတယ်။ ဌာနတစ်ခုနဲ့တစ်ခု ဆက်သွယ်မှုမရှိတာ၊ သတင်းအချက်အလက်တွေ ဝေမျှမှုမရှိတာကိုတွေ့ရပါတယ်။ အဲလိုဖြစ်ခြင်းက လုပ်ငန်းရဲ့လုပ်ငန်းဆောင်တာတွေ ကသိကအောက်ဖြစ်စေပြီး လုပ်ငန်းအတွင်းဝန်ထမ်းတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဖြစ်စေနိုင်ပါတယ်။

(၄) လုပ်ငန်းဆောင်တာများကို မှတ်တမ်းတင်ထားခြင်း

ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက် သူတို့ရဲ့ Responsibilities တွေ၊ လုပ်ရမဲ့အလုပ်တွေကို တိတိကျကျ ချမှတ်ပေးထားသင့်ပါတယ်။ ဒီလိုလုပ်ထားပေးခြင်းက နားလည်မှုလွဲတာတွေ ၊ ဝန်ထမ်းတွေ စိတ်ရှုပ်ထွေးတာတွေ၊ ဘာလုပ်လို့ဘာကိုင်ရမလည်းမသိ အူကြောင်ကြောင်ဖြစ်နေတာတွေက လုပ်ငန်းအတွက်တန်ဖိုးရှိတဲ့အချိန်တွေ အရမ်းပုပ်ပါတယ်။ လုပ်ငန်းဝန်တွေ၊ တာဝန်တွေကို တိတိကျကျချမှတ်ထားခြင်းက ဝန်ထမ်းအသစ်ခန့်တဲ့အခါမှာလည်း အစအဆုံးလိုက်ပြီးသင်ပေးနေစရာမလိုဘဲ လုပ်ငန်းကလူတစ်ဦးတစ်ယောက်ထဲအပေါ် မှီခိုနေရခြင်းကလည်း ကင်းဝေးနိုင်စေမှာပါ။

(၅) အနာဂတ်အတွက် ပြင်ဆင်ခြင်း

နေ့စဉ်လုပ်ငန်း လည်ပတ်စေနိုင်ဖို့အတွက် လုပ်ငန်းဆောင်တာတွေ ဆုံးဖြတ်ချက်တွေ ချမှတ်ထားတာတွေကလည်းအရေးကြီးသလိုဘဲ၊အနာဂတ်မှာဖြစ်လာမဲ့အရာတွေကို ကြိုတင်ပြင်ဆင်ထားခြင်းကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ လုပ်ငန်းဝန်တစ်ခုပါဘဲ။ နောင်အနာဂတ်မှာ ဈေးကွက်အခြေအနေ ဘယ်လိုတွေရှိလာနိုင်တယ်၊ Customers တွေ ဘာတွေပိုကြိုက်လာနိုင်တယ်၊ ဘာတွေခေတ်စားလာနိုင်တယ်ဆိုတာကို ကြိုတင်လေ့လာပြီး ပြင်ဆင်ထားရပါမယ်။ ဖြစ်လာတဲ့ အခြေအနေနဲ့လိုက်ပြီး ပြောင်းလဲသင့်တာတွေပြောင်းလဲရပါမယ်။

(၆) People, Process and Product

စီးပွားရေးမှာ 3P ကအရေးကြီးပါတယ်။ People (လူထု), Process (လုပ်ငန်းစဉ်) နဲ့ Product (ထုတ်ကုန်ပစ္စည်း) ပါပဲ။ အောင်မြင်ကြံ့ခိုင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းက 3P ကိုပဲ အခြေခံပြီး တည်ထောင်လာကြတာပါ။
People ဆိုလို့ရှိရင် ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ မှီခိုရတဲ့ လူတွေ (ဝန်ထမ်းကောင်းတွေ၊ ဖောက်သည်တွေ) ပါပါတယ်။ ဒီတော့ ဒီမှာ ပါဝင်ပတ်သက်နေသူတွေ အဆင်ပြေဖို့/ အလုပ်ဖြစ်ဖို့ကို ရှေးရှုပြီး မိမိလုပ်ငန်းကို တည်ဆောက်ရပါတယ်။
Processes ဆိုတာကတော့ မိမိ စီးပွားရေးလုပ်ငန်းရဲ့ ရည်မှန်းချက်တွေဆီ အရောက်သွားရာမှာ လုပ်ရမယ့် တာဝန်တွေ၊ လုပ်ငန်းဆောင်တာတွေပါဝင်ပါတယ်။ အောင်မြင်မှုဆိုတာ လုပ်ငန်းဆောင်တာကိစ္စအသေးအဖွဲလေးတွေကစပြီး တည်ဆောက်ရတယ်ဆိုတာ မမေ့ပါနဲ့။
Product ဆိုတာကတော့ ကိုယ့်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းရဲ့ Quality တွေ၊ ဂုဏ်သတင်းတွေကို ဆိုလိုတာပါ။ ဒီတော့ ကိုယ့်ရဲ့ ကုန်ပစ္စည်း/ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အမြဲတိုးတက်အောင်ကြိုးစားနေရပါမယ်။ ကုန်ပစ္စည်းကောင်းတစ်ခုရဖို့က အပေါ်က People နဲ့ Process ကိုနိုင်အောင်ကိုင်တွယ်နိုင်ဖို့လည်းလိုပါတယ်။

(၇) မှန်ကန်တဲ့ အချက်အလက်များပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချမှတ်ပါ

ဆုံးဖြတ်ချက်ချရာတွင် သတင်းအချက်အလက်မပြည့်စုံဘဲ ခန့်မှန်းပြီး ချလိုက်မိပါက လုပ်ငန်းကိုထိခိုက်နိုင်သော အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ တိကျပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက်များချနိုင်ဖို့အတွက် တိကျပြီးမှန်ကန်တဲ့ သတင်းအချက်အလက်တွေ Report တွေ အစီရင်ခံစာတွေလိုအပ်ပါတယ်။ လုပ်ငန်း ကြီးပွားဖို့ဆိုရင် အရှုံးအမြတ်စာရင်း (Income Statement)၊ လက်ကျန်စာရင်း (Balance Sheet)Cash flow Statement (ငွေလည်ပတ်မှုအစီရင်ခံစာ) စတဲ့ (ဘဏ္ဍာရေးရှင်းတမ်း အစီရင်ခံစာတွေ)၊ Report တွေ သေသေချာချာသုံးသပ်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ရပါမယ်။

(၈) မှန်ကန်သင့်တော်သော ဝန်ထမ်းရွေးချယ်ပါ

အပေါ်မှာလည်း ဝန်ထမ်းကိစ္စနဲ့ ပတ်သက်ပြီးပြောပြီးပါပြီ၊ ဘယ်သူမှ နေရာတကာမှာ ကျွမ်းကျင်နေတာ တော်နေတာမျိုးမရှိပါဘူး။ စာရင်းကိုင်တစ်ယောက်ကို Marketing ဆင်းခိုင်းလို့မရသလို Marketing ကျွမ်းကျင်သူတစ်ယောက်ကိုလည်း စာရင်းအင်းတွေ ကိုင်ခိုင်းလုပ်ခိုင်းလို့အဆင်မပြေနိုင်ပါဘူး။ အဲ့တော့ဝန်ထမ်းရွေးချယ်တဲ့ နေရာမှာ ကိုယ်လိုချင်တဲ့ နေရာ၊ ရာထူးနဲ့သင့်တော်တဲ့သူ၊ မှန်ကန်တဲ့သူကိုရွေးနိုင်ခြင်းက လုပ်ငန်းအတွက် အကျိုးများစေနိုင်ပါတယ်။ ဝန်ထမ်းတွေရဲ့အားသာချက် အားနည်းချက် တွေကိုသိထားပြီး လူမှန်နေရာမှန် ခန့်ထားပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၉) ကောင်းမွန်တဲ့ Customer Service

Customer Service ပေးတဲ့နေရာမှာ ပိုတယ်ဆိုတာ မရှိပါဘူး၊ ပေးနိုင်သလောက် Customer Service ကိုကောင်းကောင်ပေးပါ။ လုပ်ငန်းအတွက် Customer Service ကအရေးကြီးပါတယ်။ ဘယ်သူမဆို ဘယ်လုပ်ငန်းမဆိုတော့ မကျေနပ်တဲ့ စိတ်တိုနေတဲ့ Customer နဲ့တွေ့ရမှာပါဘဲ။ ကိုယ်ဘယ်လိုတုံ့ပြန်သလဲ၊ ကိုင်တွယ်သလဲ ဆိုတာကဘဲ အရေးကြီးပါတယ်။ အဲ့တော့ ကိုယ်ရဲ့လုပ်ငန်းကို နာမည်ပျက်မရအောင် Customer Service ကို တတ်နိုင်သမျှကောင်းအောင်ပေးရပါမယ်။

လုပ်ငန်းရှင်ကြီးများအားလုံး လုပ်ငန်းစီမံခန့်ခွဲမှုများအဆင်ပြေချောမွေ့ကြပါစေ။