Accounting Advise to Business Owners 1

လုပ်ငန်းရှင်များသို့ အကြံပြုစာ (၁)

nik-macmillan-280300-unsplash.jpg

လုပ်ငန်း၏စာရင်းများ စနစ်တကျဖြစ်ပါစေ၊


လုပ်ငန်းတိုင်းမှာ လုပ်ငန်းက သေးတာကြီးတာ အင်အားနည်းတာ အင်အားကြီးတာ မဆိုင်ပဲ မိမိတို့လုပ်ငန်းလုပ်ပါပြီ ဆိုကတည်းက စာရင်းဇယားနှင့် သေသေချာချာ လုပ်ကိုင်သင့်ပါတယ်။ မိရိုးဖလာ လုပ်ငန်းကို ဒီလိုပဲ မှတ်နေကျ၊ သည်လူတွေနဲ့က လက်တွဲ လာတာကြာပြီပဲ ဘာစာရင်းဇယားမှ မလိုဘူးပြောတာတွေကို အများဆုံးတွေ့ကြရပါတယ်။ အဲဒီလိုမှတ်လာကြတာ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး။ ဘယ်လောက်ရလို့ ဘယ်လိုမြတ်လည်း သေသေချာချာ ရေရေရာရာ မသိရပါဘူး။ မိရိုးဖလာ ပုံစံပဲ ရလာတဲ့ငွေထဲက သိသာမြင်သာတဲ့ ကုန်ကျငွေ ပမာဏကို နှုတ်လိုက်ရင် အမြတ်လို့ ယူဆတွက်ချက်နေကြတဲ့ လုပ်ငန်းရှင်တွေ အနည်းနဲ့အများ ရှိနေကြပါတယ်။ ရလိုက်တဲ့ ငွေကိုကြည့်ပြီး နောက်ထပ်ကုန်ကျမယ့် အရာတွေကိုလည်း မှတ်မထားပဲ ဒါလေးကတော့ မပြောပလောက်ပါဘူး မှတ်စရာမလိုဘူး တွက်စရာမလိုဘူး ဆိုပြီး ထည့်မတွက်လိုက်တဲ့ စရိတ်တွေကလည်း အနည်းအကျဉ်း ရှိနေဦးမှာ ဖြစ်သလို မမှတ်ထား မသိမ်းလိုက်ရတဲ့ အသုံးစရိတ်ပြေစာများလည်း ရှိနေပါတယ်။ စာရင်းဇယားနှင့် သေချာလုပ်တဲ့ လုပ်ငန်းများမှာ စရိတ်အကုန်အကျ နည်းပါးတာကိုတွေ့ရှိရပြီး စာရင်းမှတ်မထားတဲ့ လုပ်ငန်းများမှာ စရိတ်များစွာကုန်ကျသည်ကို တွေ့ရှိရပါတယ်။ မှတ်ရတာ အရေးမကြီးဘူး မှတ်မိတယ် သိရှိရုံနဲ့ လုပ်ငန်းကို လုပ်ကိုင်လို့မရပါဘူး။ လုပ်ငန်းကို တိုးချဲ့လိုသည်ဖြစ်စေ အခြားလုပ်ငန်းကို ကူးပြောင်းတော့မည် ဖြစ်စေ အခြားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံတော့မည် ဖြစ်စေ ဘဏ်ချေးငွေ ယူဆောင်ချင်သည် ဖြစ်စေ မိမိတို့ လုပ်ငန်း၏ စာရင်း အဝင်အထွက်တို့ သေချာမှတ်သားထားမှသာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအတွက် အကျိုးအမြတ်ရရှိမှာ ဖြစ်ပါလိမ့်တယ်။ မိမိတို့လုပ်ငန်းကို ဒီထက်မက တိုးတက်စေချင်လျှင် စနစ်ကျသော စာရင်းမှတ်သားမှုရှိမှသာ အောင်မြင်ခြင်းကို သိရှိရပါလိမ့်မယ်။ မိရိုးဖလာရေးမှတ်ခြင်း ဦးနှောက်ဖြင့် မှတ်သားခြင်း ဟိုဒီတို့မှတ်ထားခြင်းတို့မှ ရှောင်ရှားပြီး စနှစ်တကျမှတ်သားခြင်းဖြင့် မိမိတို့ လုပ်ငန်းများကို အောင်မြင်အောင် ပြုလုပ်ကြပါစို့။

ဒေါ်ကေသီသွယ် (Senior Accountant & Auditor @ Balance)