Advertising through existing Customers

လက်ရှိဖောက်သည်များမှတစ်ဆင့် လုပ်ငန်းကို ကြော်ငြာခြင်း

30094.jpg

ပါးနပ်တဲ့ Small Business Owners တွေက Customers ဆိုတာ သူတို့ရဲ့ အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး ကြော်ငြာပေးနေတဲ့ သူတွေဆိုတာ နားလည်ကြပါတယ်။ ကိုယ့်ရဲ့ Customers တွေကို ကိုယ့်လုပ်ငန်း ပိုအောင်မြင်ဖို့ အသုံးမပြုဘူးဆိုရင် ပြိုင်ဘက်တွေက ကိုယ့်ရဲ့ Customers တွေကိုသုံးပြီး ကိုယ့်ကို ပြိုင်ဆိုင်လာနိုင်ပါတယ်။

Brand Loyalty ကိုရအောင်လုပ်ရတာတော့ မလွယ်ပါဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေသွားနိုင်ပါတယ်။ Brand Loyalty ဆိုတာက (ထဲ့ပြောရင်တော့ ကုန်ပစ္စည်း အမှတ်တံဆိပ်အပေါ်မှာ သစ္စာရှိခြင်းပါပဲ) ကိုယ့်ရဲ့ Customers တွေက တခြား Brand တွေ၊ Products တွေကိုမသုံးပဲ ကိုယ့်ရဲ့ Brand Products တွေကိုသာ ထပ်ခါတလဲလဲ ဝယ်ယူသုံးတာကို ပြောတာပါ။

အခု Article ကတော့ရိုးရှင်းပြီး Basic ကျတဲ့နည်းလမ်းတွေကိုသုံးပြီး ရှိပြီးသား Customers တွေကို Loyal Customers တွေဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာရယ်၊ နောက်ထပ် Customers အသစ်တွေကိုဘယ်လို ဆွဲဆောင်မလဲ ဆိုတာကိုပြောပြသွားမှာ ဖြစ်ပါတယ်။

Customer တွေကိုကိုယ့်ရဲ့ Loyal Customer တွေဖြစ်ဖို့နဲ့ Product တွေကို ကြော်ငြာပေးဖို့အတွက် အောက်ပါရိုးရှင်းတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

၁)  Customer တွေကို မေးပါ

Customers တွေ ကိုယ့်ရဲ့ Products တွေ၊ Services တွေ အသုံးပြုရတာ အဆင်ပြေ မပြေ Feedback ကိုအမြဲမေးပါ။ Feedback တွေကိုအမြဲမေးသလို၊ သူတို့စိတ်တိုင်းကျရင် အဆင်ပြေရင် သူတို့မိတ်ဆွေတွေ၊ မိသားစုတွေကို ကိုယ့်ရဲ့ Product တွေအကြောင်း၊ Service တွေအကြောင်းပြောပြဖို့ တိုက်တွန်းပါ။ တွေ့ဖူးနေကျ စကားလေးပေါ့ “ကျွန်တော်တို့ရဲ့ Product ကိုကြိုက်တယ်ဆိုရင် မိတ်ဆွေရဲ့ မိသားစု၊ သူငယ်ချင်းတွေကို ပြောပါ။ အဆင်မပြေတာရှိရင် ကျွန်တော်တို့ကို ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရမလဲပြောပါ” ဆိုပြီးပေါ့။

၂)  Customer တွေကို အသိအမှတ်ပြုပါ

ကိုယ့်ရဲ့ Customers ရဲ့ ကျေးဇူးကို အမြဲတမ်း ကျေးဇူးတင်ပြီး အသိအမှတ်ပြုဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ ကိုယ့်ရဲ့ Products တွေ၊ Services တွေ အမြဲအသုံးပြုနေတဲ့ Loyal Customers တွေ၊ ကိုယ့်ရဲ့ လုပ်ငန်းကို တခြားသူတွေထံ ညွှန်းပေး၊ ကြော်ငြာပေးနေတဲ့ Customers တွေကိုအမြဲ အသိအမှတ်ပြုပါ။ ကိုယ်က သူတို့ကို တန်ဖိုးထားကြောင်း အသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင်ကြောင်းကိုလည်း Customers တွေသိအောင်ကြိုးစားပါ။

ဥပမာ - Loyal Customers တွေကို New Year Discount, Birthday Discount ပေးတာမျိုး၊ ကျေးဇူးတင်ကြောင်း Thank You Note လေးတွေပို့ပေးတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်က Customer Care ကိုကောင်းကောင်းပေးနိုင်ရင် Loyal Customers တွေသာမကပဲ Customer အသစ်တွေပါ တိုးလာမှာပါ။

၃)  ကိုယ့်လုပ်ငန်းအကြောင်းကို အမြဲစဉ်းစားချင့်ချိန်နေပါ

ကိုယ့်ရဲ့ Customers တွေရဲ့အကြောင်း၊ ကိုယ့်ရဲ့ Product တွေ၊ Service တွေအကြောင်းကို အမြဲသုံးသပ်ပါ။ မစဉ်းစားပဲနေမယ်ဆိုရင် ပြဿနာတစ်ခုခုဖြစ်လာရင် ထိန်းချုပ်ဖို့ခက်ခဲပါတယ်။ ဘယ်လိုလုပ်လိုက်ရင် ပိုကောင်းသွားမယ်၊ Customer တွေအတွက် ပိုအဆင်ပြေသွားမယ်ဆိုတာကို အမြဲတွေးနေပါ။ Customers တွေနဲ့ ပက်သက်တဲ့ Data တွေကိုလည်း အမြဲလုံခြုံအောင်ထားပါ။ အပြင်ကို မပေါက်ကြားပါစေနဲ့။

အပေါ်က ပြောသွားတဲ့ နည်းလမ်း (၃)ခုလုံးမှာ Customers တွေကို ငွေပေးရတာ မပါပါဘူး။ အခုပြောခဲ့တဲ့ နည်းလမ်းတွေက ငွေကြေး၊ မက်လုံးပေးတဲ့ မိရိုးဖလာနည်းလမ်းတွေ မဟုတ်ပါဘူး။ လိုအပ်တာတွေက နှစ်မြှုပ်ဆောင်ရွက်မှု၊ စည်းကမ်းတွေ၊ အစီအစဉ်ရေးဆွဲခြင်းတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ရုန်းကန်နေရတဲ့ Small Business တော်တော်များများဟာ အဆင်ပြေပြေသွားကြတာလည်း တွေ့ရပါတယ်။

မိမိယုံကြည်ရတဲ့လူတွေက အကောင်းပြောရင် စမ်းကြည့်သုံးကြည့် ချင်တာ လူတွေရဲ့ သဘာဝပဲ မဟုတ်လား

ထက်ခိုင် (Business Development), ရဲရင့် (Client Success)